မရမ်းကုန်းမြို့နယ် ဝရဓါတု​စေတိယစွယ်​တော်မြတ်​စေတီ​တော် ပရဝုဏ်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

မရမ်းကုန်း ဇွန် ၂၃

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်​စေ​ရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကို ယ​နေ့နံနက် နာရီက ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက် ဝရဓါတု​စေတိယစွယ်​တော်မြတ်​စေတီ​တော်ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မရမ်းကုန်းမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်​ဇော်​​ဇော်​အောင်နှင့် အဖွဲ့ဝင်များ၊ အလုံမြို့နယ် သစ်​တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်စင်​ကျော်နှင့် ဝန်ထမ်းများ၊ စွယ်​တော်မြတ်​စေတီ​တော်​ ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး​ရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေး အသင်းအဖွဲ့ဝင်များဖြင့် ဘုရားပရဝုဏ် အတွင်း စိမ်းလန်းစိုပြည်သာယာလှပ​စေ​ရေးအတွက် မယ်ဇယ်၊ ကန့်​ကော်၊ ခ​ရေ၊ ပိ​တောက်၊ ငုဝါ​​ရွှေ၊ စိန်ပန်း၊ မ​ဟော်ဂနီ၊ ပျဉ်းမ အစရှိသည့်အရိပ်ရပင်နှင့် ပန်းအလှပင် စုစု​ပေါင်း (၃၀၀) ပင်အား စု​ပေါင်းစိုက်ပျိုးခဲ့ကြ​ကြောင်း သိရသည်။

​အေး​အေး​အောင်