စစ်ကိုင်း ဒီဇင်ဘာ ၁၇
စစ်ကိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက ပြည်ထောင်စုတိုင်း ရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီး ဦးစိုးကြည်ကအမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မိမိကျော်က မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှာ့ချရေး အားလုံးပူးပေါင်းပါဝင်ပေး၊ အမျိုးသမီးနှင့် ပတ်ဝန်းကျင်ကဏ္ဍပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်များဖြင့် လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေဇင်စိုး က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြော ဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးချုပ်ရုံးမှ ပေးပို့လာသော မီးခိုးမြူငွေ့လျှော့ ချရေးနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ PM2.5 အကြောင်းအသိပညာပေး Video Clip ကိုပြသ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆရာများလက်စွဲစာအုပ်များကို ခရိုင်ဦးစီးမှူး ဒေါ်မိမိကျော်က ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံပေးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်