ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူမရှိ ဆေးရုံဆင်းခွင့်ရသူ (၅၆၀၈) ဦးရှိ
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်ရက်နေ့ အနံ့ပျောက်၍ လာရောက် ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ (၅၅) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရသည်။