ဒေသခံပြည်သူများနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ ပမ္မဝတီခြံထွက် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများအား ရပ်ကွက်/ကျေးရွာ များသို့အရောက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဟိုင်းကြီးကျွန်း ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အမှတ်(၂၇) ရေတပ်လေ့ကျင့်ရေးတပ်၊ စိုက်ခြံနှင့် မွေးမြူရေးခြံတို့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို  ယမန်နေ့နံနက် (၈:၃၀)နာရီ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂)ရပ်ကွက်ရဲစခန်းရှေ့၌ စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချခြင်းကို အင်္ဂါ၊ ကြာသပတေးရက်များ၌ ရပ်ကွက်အလိုက် အပတ်စဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး စျေးနှုန်းသက်သာပြီး လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးရသည့်အတွက် မိဘပြည်သူများအနေနှင့်လည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပျော် (ပြန်/ဆက်)