ရမည်းသင်းခရိုင်၌ တက္ကသိုလ်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း) တို့ပူးပေါင်း၍ တက္ကသိုလ်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီခွဲက နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။