ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အ.ထ.က(၂)၌ ကျင်းပ

ဒိုက်ဦး ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစား‌၏ အကျိုးကျေးဇူးကိုသိရှိပြီး ပုံမှန်အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ကြစေရန်၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများအကြောင်း သိရှိပြီး မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းဦးက အားကစားနှင့်လူငယ်ရေးရာခေါင်းစဉ်ဖြင့် အားကစား၏ အဓိပ္ပါယ်၊ အမျိုးအစားများ၊ အားကစားပြုလုပ်ရခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အား/ကာသိပ္ပံကျောင်းများအကြောင်း၊ မြန်မာ့လက်ရွေးစင်အားကစားသမားများ ရွေးချယ်လေ့ကျင့်ပေးပုံအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)