ပန်းတောင်းမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး သင်တန်းဖွင့်လှစ်

ပန်းတောင်း ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနမှ ပြည်ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး ပန်းတောင်းမြို့နယ် ဦးစီးအရာရှိ ဒေါက်တာရွှေရည်ထူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ရေးသင်တန်းတွင် သင်တန်းသား ၅၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန် ၂၈ရက်နေ့မှ ဇူလိုင် ၁ရက်နေ့အထိ ၅ ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)