ပန်းတောင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ​ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေသုံးဆွဲရေးအစီအစဉ် (AVIP) ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ပန်းတောင်း ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခွင့်ရရှိ‌သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း၊ ကျေးရွာ (၈)ရွာမှ ကော်မတီဝင်များအား "ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေသုံးဆွဲရေးအစီအစဉ် (AVIP) ရေးဆွဲနည်းသင်တန်း" ကို ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက သင်တန်းတွင် စာတွေ့လက်‌တွေ့ သင်ကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)