အုတ်ဖို ဇွန် ၂၉
ဒေသခံတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ အမြန်ဆုံးပြန်လည်ထုတ်ချေးပေးနိုင်ရေးအတွက် ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ကြွေးဟောင်းကြွေးကျန်များ ပြေကျေရေး ကွင်းဆင်းနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်လွင်မာကြည်က မိမိတို့မြို့နယ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ၂၀၂၂ မိုးစပါးစိုက်ပျိုးစရိတ်များ ပြန်လည်ထုတ်ချေးပေးနေသည်မှာ ကျေးရွာအုပ်စု (၁၄)အုပ်စုမှ တောင်သူ(၄၇၂)ဦး၏ စိုက်ပျိုးဧက (၃၁၀၁) ဧကအတွက် ချေးငွေစုစုပေါင်း (၄၆၅၁၅၀၀၀၀)ကျပ်ကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ကြွေးပြေကျေသည့် တောင်သူများကိုလည်း ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ချောင်းဂွဂျီကျေးရွာအုပ်စုမှ တောင်သူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ