တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေအမှတ်(၁၁၈၈)စင်တီမီတာနှင့် ဒုဌဝတီမြစ်ရေအမှတ်(၈၀၅)စင်တီမီတာရောက်ရှိ

တံတားဦး  ဇွန်   ၃၀

မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာန၏ ယနေ့နံနက်(၆)နာရီခွဲ အချိန် တိုင်းထွာချက်များအရ ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ်(၁၂၆၀)စင်တီမီတာသို့ ရောက်ရှိရန် (၁၁၈၈) စင်တီမီတာနှင့် ဒုဌဝတီမြစ်ရေစိုးရိမ်ရေမှတ် (၈၇၀)စင်တီမီတာသို့ ရောက်ရှိရန် (၈၀၅)စင်တီမီတာသို့ တဖြည်းဖြည်းလျော့နည်းလာကြောင်း တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာန၏ ယနေ့နံနက်(၆)နာရီခွဲအချိန် တိုင်းထွာချက်များအရ ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေ မှတ်(၁၂၆၀)စင်တီမီတာပြီး စိုးရေရေအမှတ်ရောက်ရှိရန် (၁၁၈၈) စင်တီမီတာ ရောက်ရှိနေကြောင်းနှင့် ဒုဌဝတီမြစ်ရေစိုးရိမ်ရေမှတ်(၈၇၀) စင်တီမီတာပြီး  စိုးရိမ်ရေအမှတ်ရောက်ရှိရန် (၈၀၅)စင်တီမီတာ ရောက်ရှိနေကြောင်း၊ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေ စိုးရိမ်ရေမှတ်တို့အား မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာနတို့ ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေ တိုင်းထွာချက်များအား တစ်ရက်သုံးကြိမ် တိုင်းတာပါကြောင်း စိုးရိမ်ရေမှတ်ရောက်ရှိရန် မြစ်ရေကြီးသတိပေးချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တံတားဦးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်ထံမှ သိရသည်။

ရဲတင့်