ကျွန်းစုမြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၄၁၈)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်

ကျွန်းစု ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ()လပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား (၄၁၈) ဦးအား ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၄၁၈)အတွက် နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်(၁၂၅၄၀၀၀ဝိ/-)အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ၎င်းမှတစ်ဆင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)