ဖားဆောင်း ဇွန် ၃၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကျောက်းသား/သူများကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန် ကိုဗစ်-၁၉ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဖားဆောင်းမြို့မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်သူနာပြု(၁)ဒေါ်သက်သက်ထွေးနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးသူများမိနစ်(၃၀)ခန့်နားနေစောင့်ကြည့်ခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လပထမပတ်မှစ၍ ရက်အကန့်အသတ်မရှိဆေးထိုးစုရပ်အလိုက်ထိုးနှံပေးလျက်ရှိပြီး ထိုးနှံပေးမည့်ဆေးအမျိုးအစားမှာ Sinopharm ဆေးအမျိုးအစားဖြစ်ကြောင်းသိရသည်။
နန်းသဲနုအောင် (ဖားဆောင်း)