နွားထိုးကြီးမြို့ မြို့မ-အထကတွင် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

နွားထိုးကြီး ဇွန်  ၃၀

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် အောင်ဇော်ဇော်မှ ကျောင်းသား၊ ကျောင်းသူများအားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍  မော်တော် ဆိုင်ကယ် စီးနင်းသူများ လိုက်နာရမည့်စည်းကမ်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်နှစ်အလိုက်ယာဉ်တိုက်မှု နှိုင်းယှဉ်ချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်ကလေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်