ချမ်းအေးသာစံ ဇွန် ၃၀
မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ကလေးအလုပ် သမား၏ အဓိပ္ပာယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများ၊ ဘေးအန္တရာယ်ကျရောက်သော ကလေးအလုပ်သမားအကြောင်းများ၊ ကလေး သူငယ်အားလုံးအတွက် တားမြစ်ထားသည့် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင့်ဆိုင်ရာများစသည့် ကလေးအလုပ်သမားပပျောက်ရေး ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း၊ ယင်းအသိပညာပေး ဟောပြောပွဲသို့ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်