ကွန်ဟိန်း ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်စ၍က အဆိုပါကျောင်းရှေ့စဝ်စံထွန်းလမ်းနှင့် တပ်နယ်ဘောလုံးအားကစားကွင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာထက်မြက်စေရန်၊ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်၊ ပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်လိုစိတ်ရှိရန်နှင့် ကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများမှာ မုန့်စားပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွတ်ပြိုင်ပွဲ၊ ဖိနပ်ရွေး၊ အပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲနှင့် အမြင့်ခုန်ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)