မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး သိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုးနဲ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆိုင်းဖယ်အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ဟောပြောပွဲနှင့် ပြပွဲများ လာရောက်ဆောင်ရွက်ရခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များ စဉ်ဆက်မပြတ်ရှင်သန်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေးတို့နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ခင်းကျင်းပြသထားသော စာအုပ်/စာဆောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာကြည့်ရှုခဲ့ကြပြီး ကျောင်းစာကြည့်တိုက် စဉ်ဆက်မပြတ် ရှင်သန်ခိုင်မာစေရေးအတွက် စာအုပ်စာစောင်များကို ပေးအပ်လှုဒါန်းခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)