သရက်မြို့ Communty Center ခန်းမ၌   စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

သရက် ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်း ကျင်းပသည့် စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Center ခန်းမ၌   ၂၀၂၁ခုနှစ်၊ ဇူလိုင်လထုတ် ငွေတာရီ မဂ္ဂဇင်းမှ ဆရာမမစန္ဒာ ရေးသားသည့်  ဘွဲ့ရပညာတက် ဆောင်းပါး ဝတ္ထုတိုကို  ဆွေးနွေးခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက လစဉ် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင် မောင်မင်းသိမ်း(သရက်)က ခေတ်စနစ်အရ အစားအသောက်များ၏ ပြောင်းလဲလာမှုနှင့် လွန်ခဲ့သောနှစ်(၅၀)ခန့်က ဘွဲ့ရပညာတက်များ အလုပ်အကိုင် ရှာဖွေမှုနှင့် အတွေးအမြင်များကို မိမိအမြင် ဆွေးနွေးကာ စာချစ်သူများသာဆိုလျင် ဤဝတ္ထုကို ခေါင်းစဉ်မည်ကဲသို့ ပေးမည်နည်းဟု ဆွေးနွေးခဲ့ပြီ Book Club အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းက အစားအသောက်တွင် အန္တရာယ် ရှိနေသည်ကို သိရှိသော်လည်း စာရေးသူ၏သူငယ်ချင်းကဲ့သို့ မိမိတို့လဲ စားနေရကြောင်း ဒါကြောင့် ဤဝတ္ထုကို သိတာထက်မရှိတာခတ်ဟု နာမည်ပေးလိုကြောင်း ဆွေးနွေးခဲ့သည်။

ယင်းနောက်Book Club အဖွဲ့ဝင်များက စာရေးသူ၏ တင်ပြမှုအပေါ် မိမိတို့၏ အမြင်များကို အပြန်အလှန် ဆွေးနွေခဲ့ကပြီး Book Club ဉက္ကဋ္ဌ ဦးအောင်ကျော်စိုက စာရေးသူ၏ စာဖတ်သူအပေါ် ပေးလိုသည့် စေတနာကို ခံစားမိကြောင်း ဘွဲ့ရပညာတက်တစ်ရောက်ဖြစ်သည့် ငါးခြောက်သည် တစ်ဦးက ငါးခြောက်ကို ခြင်ဆေးဖျန်းရောင်းသည်ဆိုခြင်းသည် မိမိ၏လောဘအတွက် ရုတ်မာသည့် စိတ်ဓါတ်ကို မြင်တွေ့ရသည့်အတွက် ပညာတက်ဘွဲ့ရ တစ်ရောက်တွင် နူးညံ့သည့် စိတ်ဓါတ်နှင့် အမှားအမှန်ဝေဖန် ပိုင်းခြားတက်မှသာ ဘွဲ့ရပညာတက်ဟု ခေါ်ဆိုနိုင်မည်ဟု ထင်မြင်မိကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)