ငါ့သရောက်မြို့ ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ငါ့သရောက် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်​ပြည်သူ့ဆက်ဆံရေးဦးဌာနမှဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့(Books Club)တို့ ပူးပေါင်းပြီး စာရေးဆရာ သက်လှိုင်မျိုးရေးသားသော "ဘဝပေးအသိနှင့်မိခင်မေတ္တာတရား" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင် ဒေါ်စန်းစန်းမြင့်မှ "ဘဝပေးအသိ မိခင်မေတ္တာတရား" စာအုပ်မှ ခေါင်းစဉ်ခွဲပါ အကြောင်းအရာဖြစ်သော "ယနေ့လူငယ်နှင့် စိတ်ဓာတ်စွမ်းအား" အကြောင်းအရာ များကို ရှင်းပြပေးခဲ့သည်။ "ယနေ့လူငယ်များသည် နောင်အနာဂတ်ကာလ၏ ခေါင်းဆောင်လောင်း များဖြစ်လေရာ လူငယ်တို့၏ အခန်းကဏ္ဍသည် လွန်စွာမှအရေးကြီးပါသည်။ ယနေ့လူငယ်တို့အဖို့ မိမိဘဝကောင်းစားရန်၊ မိမိဘဝတိုးတက်ရန်၊ မိမိဘဝအောင်မြင်ရန် အားလုံးသောအရာတို့သည် စိတ်ဓာတ်စွမ်းအားအပေါ်တွင်သာမူတည်နေပါသည်။ စိတ်ဓာတ်ကောင်းမှသာ မိမိမိသားစု၊ မိတ်ဆွေနှင့် နိုင်ငံအတွက်အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း"စသည်တို့ကို တစ်ခြားစာအုပ်စာစောင်ချစ်မြတ်နိုးသူများအား ရှင်းပြပေးပြီး အခြားသူများကလဲ မိမိတို့ ဖတ်ရှုထားသော အကြောင်းအရာများကို အပြန်အလှန်ဆွေနွေးပေးခဲ့ကြကြောင်း သိရသည်။

P.W.A