လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစာင်ပြပွဲများပြုလုပ်

လောင်းလုံး  ဇူလိုင် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာဆိုင်ရာများပူးပါင်း၍ (၇၅) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစာင်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီက အ-ထ-က၊ လောင်းလုံးကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သိန်းသိန်း က(၇၅) နှစ်မြောက်အာဇာနည်နေ့ ဖြစ်ပေါ်လာရခြင်းအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ လောင်းလုံးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှမီးသတ်ဦးစီးအရာရှိ ဦးမျိုးဇော်ဦးက အာဇာနည်နေ့ အကြောင်းအားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နည်းလမ်းနှင့် ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ အဆိုအမိန့်၊ မိန့်ခွန်းဆိုင်ရာ နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သိန်းသိန်း၊ မီးသတ်ဦးစီးဌာနမှမီးသတ်ဦးစီးအရာရှိ ဦးမျိုးဇော်ဦးနှင့် ဝန်ထမ်းများ၊ ကျောင်းဆရာ/ ဆရာမများ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း (လောင်းလုံး)