မယ်စဲ့ ဇူလိုင် ၁၃
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အထက (မယ်စဲ့)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အထက(မယ်စဲ့) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာသန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ကမ္ဘာ့တည်သရွေ့မေ့ဖျောက်၍ မရနိုင်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့၏မျိုးချစ်စိတ်ဓါတ်၊ မြင့်မြတ်သောစိတ်ထားနှင့် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသည့် အာဇာနည်အပေါင်းတို့၏ ကျေးဇူးတရားတို့ကို ဟောပြောသည်။
ဆက်လက်၍အထက(မယ်စဲ့)မှ အထက်တန်းပြဆရာမ ဒေါ်ဖြိုးဖြိုးဆွေက မြန့်မာ့သမိုင်းတွင် တိုင်းပြည်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးနှင့် ကြုံတွေ့ခဲ့ရသည့် မမေ့နိုင်စရာ ကြေကွဲဝမ်းနည်း ဖွယ်ကောင်းသည့် အာဇာနည်နေ့အကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်ခေါင်းဆောင်များ၏အတ္ထုပ္ပတ္တိ နံရံကပ်စာစောင်ကို ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝတ်ရည်