ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ကျုံပျော် ဇူလိုင် ၁၃

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခု ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင်  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက သံဃာတော်အရှင် သူမြတ်များထံသို့ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ပင်လုံရပ်ကွက်ရှိ ထန်းတောကျောင်းတိုက်၌ စုပေါင်းကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊  ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစော၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများက ထန်းတောကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ သီလပေးတရားတော်အား နာကြားခဲ့ကြသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဆရာတော်အရှင်သူမြတ်များထံသို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ ထန်းတောကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင် သံဃာများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့အတူ  ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ကျုံပျော်မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဓမ္မာရုံများနှင့် ကျောင်းတိုက်အသီးသီးတို့တွင်လည်း အလှူဒါနပြုသူများ၊ ဥပုဒ်သီတင်းဆောက်တည်သူများဖြင့် အေးချမ်းသာယာ စည်ကားခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)