ပုလော ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပလမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းဘေးသင့် ပြိုကျခဲ့သည့်နေအိမ်(၁)လုံးအား ပုလောမြို့နယ်ဘေး အန္တ ရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေ ၃ နာရီခွဲ၌ ထောက်ပံ့ငွေနှင့် ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌ ယမန်နေ့ နံနက် ၃ နာရီခွဲအချိန်က ပလမြို့ အမှတ် (၃)ရပ်ကွက်နေ ဒေါ်တင်အုန်းနေအိမ် အလျား ၃၀ ပေ × အနံ၁၅ ပေ၊ ဓနိမိုး ဓနိကာ ပျဉ်ခင်း သစ်တိုင်မြေစိုက် အိမ်တစ်လုံး မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းဘေးသင့် ပြိုကျပျက်စီးခဲ့ရာ ပုလောမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၀၀၀၀၀/-)၊ လူဦးရေ(၁)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၂,၁၀ဝိ/-) ကျပ်၊ တန်ဖိုးငွေ (၄၆၀၃၆/-)ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပစ္စည်းပုံး (၁)ပုံးကို လေဘေးသင့်သူ ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)