နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ၊ ပရဟိတသင်တန်းကျောင်းတွင် အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပုဗ္ဗသီရိ ဇူလိုင် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာတွင် အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါကျေးရွာရှိ ပရဟိတသင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြို့ပြနှင့်ကျေးလက်ဒေသကွာဟမှု ကျဉ်းမြောင်းလာစေရေး၊ ကျေးလက်နေပြည်သူများ၏ လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်၍ တစ်ဦးချင်းဝင်ငွေတိုတက်ရေးတို့အတွက် ကျေးလက်ဦးစီးဌာနမှနှစ်စဉ် အသက်မွေးဝမ်းကျောင်း အထောက်ကူပြုသင်တန်းများအား ဒေသလိုအပ်ချက်အပေါ်မူတည်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သင်ကြားသည့် သင်တန်းတွင်တက်ရောက်သည့် သင်တန်းသူများအနေဖြင့် ပညာနဲ့ မိမိဘဝ၊ မိသားစုဘဝတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာရပ်များကို စနစ်တကျ လေ့လာဆည်းပူကြစေလိုကြောင်း၊ သင်တန်းကသင်ကြားပို့ချပေးမည့် ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူး၍ အလုပ်အကိုင်များရရှိပြီး မိသားစုဝင်ငွေများ တိုးပွားအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးမျိုးက သင်တန်းအတွက် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများအားပေးအပ်ခဲ့ပြီး သင်တန်းနည်းပြကပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။

ယခုဖွင့်လှစ်သည့် အခြေခံအပ်ချုပ်စက်သင်တန်းကို ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ၊ ပရဟိတသင်တန်းကျောင်းမှ သင်တန်းသူ(၂၀)ဦးအား ဇူလိုင်လ ၁၄ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ စက်နှင့် ပတ်သက်သောသဘောတရာများ၊ စက်ပြုပြင်တပ်ဆင်ခြင်းနှင့်စက်သန့်ရှင်းရေးပြုလုပ်နည်းနှင့် အခြေခံချုပ်ရိုးနည်းများစသည့် သင်ခန်းစာများကို သင်တန်းနည်းပြများမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)