မန်တုံ ဇူလိုင် ၁၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲကို ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က အာဇာနည်နေ့ပေါ်ပေါက်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ကျိုးပမ်းဆောင်ရွက်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မှတ်မှတ်ထင်ထင်ရှိစေရန်နှင့် လေးစားအတုယူဖွယ်ကောင်းကြောင်း ဟောပြောခဲ့ရာ ခြေခံအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ပါသည်။
မန်တုံ(ပြန်/ဆက်)