ချမ်းမြသာစည် ဇူလိုင် ၁၄
(၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ အမှတ်(၃၀) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ တက် ရောက်ကြသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလယ်တန်းပြ ဆရာမ ဒေါ်စန်းမြတ်ဦးက အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကို ဟော ပြောခဲ့သည်။ ဆက်လက်ပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/သူများ အား တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)