(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲများနှင့် ပြိုင်ပွဲများ သံဖြူဇရပ်၌ ကျင်းပပြုလုပ်

သံဖြူဇရပ် ဇူလိုင် ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နံနက် ၉း၃၀ အချိန်မှ စတင်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် (မူလွန်) အောင်မင်္ဂလာ(၂)ကျောင်းတို့တွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆရာဦးဖြိုးဝေအောင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အာဇာနည်စိတ်ဓာတ်နှင့် အာဇာနည်​ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို့ ယခု(၇၅)နှစ်တိုင်ပြည့်မြောက်ခဲ့ပြီး ကျောင်းသား/  ကျောင်းသူများမှ ယနေ့တိုင်မမေ့ကြစေရေး ဟောပြောသည်။

ဆက်လက်၍ အောင်မင်္ဂလာ-၂ (မူလွန်)ကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး/ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ “၁၉ ဇူလိုင် မမေ့နိုင်”ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၉)ဦး၊ “ရာဇဝင်မှာ မှော်ကွန်းထိုး ဇူလိုင်တစ်ဆယ့်ကိုး” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်ကျောင်း သား/ ကျောင်းသူ(၃၄)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် နံရံကပ်ပိုစတာပန်းချီရေးဆွဲပြိုင်ပွဲကို “၁၉ ဇူလိုင် မမေ့နိုင်”ခေါင်းစဉ်ဖြင့်  ပြိုင်ပွဲကို ပြုလုပ်ရာ မူလတန်းနှင့် အလယ်တန်းအဆင့်  ကျောင်းသား/ ကျောင်းသူ (၂၅)ဦးတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲများနှင့် ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အေးအေးသီ(ပြန်/ဆက်)