မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှ ကျွဲ၊ နွားအရေပြား၊ အကျိတ်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်

ကြံခင်း ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်သတ္တပါတ်လှုပ်ရှားမှုအဖြစ်  ကျွဲ၊ နွားအရေပြား၊ အကျိတ်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၈)နာရီက ဘက်ရဲမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက အဖွင့် အမှာစကား ပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုက ကျွဲ၊ နွားအရေပြား အကျိတ်ရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ပုံ နည်းစနစ်များ၊ ဇီဝလုံခြုံမှုနှင့်ကျန်းမာရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။

အဆိုပါဟောပြောပွဲသို့  ဘက်ရဲမြို့ အုပ်ချုပ်ရေးမှူးဦးအောင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (တာဝန်ခံ)အင်ဂျင်နီယာ ဦးကျော်မြင့်နိုင်၊  ဘက်ရဲမြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မွေးမြူရေးစိတ်ပါဝင်စားသူများ တက်ရောက်ကြောင်းနှင့် တက်ရောက်လာ သူများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိရစ္ဆာန်ကျန်းမာရေး  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)