သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲပြုလုပ်

သံတောင်ကြီး   ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့်(၇၅)နှစ်မြောက်အာဇာနည်နေ့အကြောင်း သိရှိစေရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊  စာကြည့်တိုက်သို့  လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများသိစေရန် ပုံပြင်ပြောပြိုင်ပွဲနှင့်ခုံလုတန်းပြိုင်ပွဲကို ယနေ့နံနက်()နာရီအချိန်က မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ပြိုင်ပွဲများကိုဆက်လက်ပြုလုပ်ရာ ပုံပြင်ပြောပြိုင်ပွဲတွင် သံတောင်ကြိးမြို့ပေါ်ရှိကျောင်းသူ/ကျောင်းသား()ဦးနှင့် ခုံလုတန်းပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၁၈)ဦးတို့ကပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို  အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ