မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

မြောက်ဦး ဇူလိုင် ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျ ရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီခွဲ အချိန်က တောင်ရပ်ရပ်ကွက် ဗန္ဒုလတံတားအနီး မော်တော်ဘုတ်ဆိတ်နေရာ၌ ရေပြင်ရှာဖွေရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ရေပြင်ရှာဖွေရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြား ရေးမှူး ဦးခိုင်ဇော်ဟိန်း ကြီးကြပ်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များမှတပ် ဖွဲ့ဝင်များအနေဖြင့် နှစ်စဉ်မိုးဦးရာသီတွင် မုတ်သုံလေဝင်ရောက်ပြီး အမြဲကြုံတွေ့ရလေ့ရှိသော မုန် တိုင်းတိုက်ခတ်မှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်မှုကြောင့်မြေပြို ကျခြင်းများနှင့် ရေကြီးရေလျှံမှုကြောင့် လတ်တလော မြစ်ရေကြီးခြင်းများဖြစ်ပေါ်လာပါက ရေလမ်းခရီးကိုသာ အားထားသွားလာနေရသော မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှုမရှိစေရေးနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး၊ ကြိုးတန်းဖြင့် ချောင်းတစ်ဖက်သို့ဖြတ်ကူးခြင်း၊ လှေနစ်မှောက် သူများအား အရေးပေါ်ရှာဖွယ်ကူညီခြင်း၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား စသည်တို့ကို ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လူအပြည့်၊ ယာဉ်၊ စက်သုံးဆီများနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအား အသင့်အနေအထားရှိ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)