(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် တရားတော်နာယူခြင်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်း

လွိုင်လင် ဇူလိုင် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ သာသနာ့ဗိမာန်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်တာဝန်ရှိသူများမှ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ကာ တရားတော်နာယူခြင်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သာသနာ့ဝိပုလ ဓါတ်တော်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒထံမှ ငါးပါးသီလခံယူကြပြီး ကြွရောက်လာကြသော ဆရာတော်ကြီးများမှ မေတ္တသုတ်ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့ကာ တက်ရောက်လာကြသူများမှ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခဲ့ကြပြီးနောက် သာသနာ့ဝိပုလ ဓါတ်တော်ဆရာတော်ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒမှ အနုမောဒနာတရားဟောကြားပေးပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)