အိမ်မဲမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် အချိန်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် မီးသတ်ကားများ ဥသြဆွဲခြင်းပြုလုပ်

အိမ်မဲ ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်စခန်းများတွင်  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့်အချိန်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် မီးသတ်ကားများ ဥသြဆွဲခြင်းကို ယနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့တွင် မြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများ၌ ဝမ်းနည်းခြင်းအထိမ်း အမှတ် အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို တိုင်ဝက်ခန့်လွှင့်ထူထားကြပြီး အာဇာနည်ခေါင်း ဆောင်ကြီးများ ကျဆုံးသည့် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက်ရှိ မီးသတ်စခန်း နှင့် အထက်ပိုင်းရပ်ကွက်ကွက်ရှိ မီးသတ်စခန်းခွဲတို့တွင် မီးသတ်ကားများနှင့် လူနာတင်ကားများ သွားလာ လှုပ်ရှားနေကြသော မော်တော်ယာဉ်များမှ တစ်မိနစ်ခန့် ငြိမ်သက်ပြီး ဥသြဆွဲခြင်း၊ ကာများဟွန်းတီးခြင်း၊ ဆိုင်ကယ်ဟွန်းတီးခြင်းနှင့် အလေးပြုခြင်းတို့ကို ဝမ်းနည်းခြင်း အနေဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)