မိုင်းကိုင် ဇူလိုင် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ယနေ့ မနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)၌ "အာဇာနည်နေ့အမှတ်တရ" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း (မိုင်းကိုင်) မှ အထက်တန်း/အလယ်တန်း ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ တက်ရောက်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် အာဇာနည်နေ့သမိုင်းကြောင်းကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းမြင့်အေးက ဆရာဇော်ဂျီရေးသား သော "ပြောလိုက်ပါ ဘိဟောပါဘိ" ခေါင်းစဉ်ဖြင့် ကဗျာကိုလည်းကောင်း၊ Grade-11 ကျောင်းသူ နန်းနွမ်းက ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတိကိုလည်းကောင်း၊ Grade-5 ကျောင်းသူ မလင်းလက်နဒီကျော်က မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ အထ္တုပ္ပတိ၊ Grade-10 ကျောင်းသူ နန်းနောင့်သက်ထားက မန်းဘခိုင်၏ အတ္ထုပ္ပတိနှင့် Grade-5 ကျောင်းသား မောင်ရဲရင့်လှိုင်းက ဆရာတင်မိုး ရေးသားသော "အောင်ဆန်းစသော မျိုးချစ်သူရဲ ကောင်းများသို့ " ကဗျာကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော စာချစ်ပရိသတ်များနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက အပြန်အလှန်ဆွေးနွေးကာ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်