ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေး ရန်ကုန်-မန္တလေးနှင့်မြို့တော်ခန်းမဘေးရှိ ရေနုတ်မြောင်းပြန်လည်ပြုပြင်ပေး

ကျောက်ဆည် ဇူလိုင်၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်သာယာ လှပစေရေးအတွက် ရက်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များဆယ်ယူခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင် ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရန်ကုန်-မန္တလေးလမ်းနှင့်မြို့တော်ခန်းမဘေးရှိရေနုတ်မြောင်းအား ရေစီးရေလာ ကောင်းမွန်ရေး ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။       

အဆိုပါရေနုတ်မြောင်းအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၅.၂၉၂)ကျပ်သန်းဖြင့် အရှည်(၂၂၅) ပေ၊ အကျယ်(၂)ပေ၊အနက်(၂)ပေ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ပြီး လုပ်ငန်းများအရည်အသွေးပြည့်မီစေရေး  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးအောင်ကျော်ဟိန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့သန့်ရှင်း သာယာလှပစေရေးအတွက် ရေနုတ် မြောင်းများပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများအပြင် ကျောက် ဆည်-မင်းမွေးတောင်သုဿန်လမ်း၊ ကျောက်ဆည်-တောင်နံသာလမ်းတို့အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးခြင်း၊ ကြက်မင်းတွန်ရပ်ကွက်၊ မြို့ပတ်လမ်း ကတ္တရာလမ်းများ ပြန်လည်ပြုပြင်ခြင်း၊ မြို့တွင်းလမ်းလယ်ကျွန်းများတွင် ပန်းအလှပင်များနှင့် မြို့ဝင်/မြို့ထွက် လမ်းဘေးဝဲ/ယာများတွင် အရိပ်အပင်များ စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)