ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဆင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် ဒေသ အတွင်းရှိ ပြည်သူများ အသက်မွေးဝမ်းကျောင်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁၂၁)မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်း တတိယမြောက်နေ့အဖြစ် ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁၂၁)မှ မြို့ပေါ်ရပ်ကွက်များပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို တတိယမြောက်နေ့အဖြစ် ယနေ့နံနက် ၉ နာရီမှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တနိုင်းမြို့နယ်၌ စိုက်ပျိုးရေးအကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌  စိုက်ပျိုးရေးအကြောင်းနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀ နာရီခွဲက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  ကျင်းပခဲ့သည်။

ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်နေ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားရရှိစေရန် ရည်ရွယ်၍ အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး Talk Show ကျင်းပ

ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှုသရုပ်ပြပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးမှုသရုပ်ပြပွဲကို ခေတ်အေးကျေးရွာအုပ်စု တောင်သူဦးလှိုင်မင်း၏ စပါးစိုက်ခင်း၌ကျင်းပရာ

ဒေးဒရဲမြို့မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများ ဆက်လက် ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် Mask တပ်ဆင်စေခြင်း၊ အခမဲ့ Mask ဝေငှခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရန်ကုန်- ပြည်လမ်း မြို့ဝင်တိုးဂိတ်အနီးတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး​ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် Mask တပ်ဆင်မှုမရှိသူများအား Mask တပ်ဆင်ပေးခြင်း အခမဲ့ဝေငှပေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းနှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့်မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကွင်းဆင်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လဝက၊မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပညာရေး၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ကြာနီကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့ တို့ပါဝင်သောပူးပေါင်းအဖွဲ့မှ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ဆိုင်ကယ်လိုင်စင် ရှိ/မရှိစစ်ဆေးခြင်း ဆိုင်ကယ်စီးသူများအနေဖြင့်
Subscribe to