ဒေးဒရဲမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေ ရေးအတွက် ​ရေနုတ်မြောင်းများ ဖော်ထုတ် ရှင်းလင်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံနိုင်မည့် နေရာများနှင့် ရေဝပ်နေရာများ လူအင်အား၊ စက်ယန္တရားများနှင့် ဖော်ထုတ်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကျောင်းနေအရွယ် ကလေးများဖြစ်သည့် အသက်(၅) နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အခြေခံပညာမူလတန်းလွန်ကျောင်း၌ ထိုးနှံပေးသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club)စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့်(Youth Club)လူငယ်အသင်းတို့ပူးပေါင်း၍ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာအကြောင်း အရာများကို စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့၌ တစ်နိုင်တစ်ပိုင် ဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေ ရရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မြို့မကွက်သစ်ရပ်ကွက်တွင်  တစ်နိုင်တစ်ပိုင် ဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေ ရရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များပုံမှန်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.က ရှိ ထောက်ပံ့ရန်လိုအပ်သည့် ကျောင်းသား/ ကျောင်းသူများအား ကျောက်ပန်းတောင်းတပ်နယ်မှူးမှ ကျောင်းဝတ်စုံစာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆက်လက်ပညာသင်ယူရန် ခက်ခဲမှုရှိ၍ ထောက်ပံ့ရန်လိုအပ်နေသည့် ကျောင်းသား/ကျောင်းသူများအား၊ ကျောက်ပန်းတောင်းတပ်နယ်မှူးမှ ကျောင်းဝတ်စုံ၊ စာအုပ်/စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို၊ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to