မိုင်းဆတ်မြို့၌ ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များသို့ စာအုပ်စာစောင်ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယနေ့နံနက် ၁၀ နာရီက မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးရေးကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသည့် ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကိုအခမ်းအနားကို တက်ရောက်အားပေးခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက ခရိုင်အတွင်း စာကြည့်တိုက်များဖွင့်လှစ်ထားရှိမှု၊ စာအုပ်စာစောင်များ ထောက်ပံ့ပေးအပ်မှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်နိုင်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့က ကျေးရွာစာကြည့်တိုက် ၁၁ တိုက်နှင့် ကျောင်းစာကြည့်တိုက်ရှစ်တိုက်သို့ ငွေကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ သုတရသ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတို့က လက်ခံရယူပြီး စာကြည့်တိုက်မှူးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)