မုံရွာ ဒီဇင်ဘာ ၄
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကျင်းပပြုလုပ်ရာဖွင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခန္တီးမြို့ပေါ်ရှိ ဒေသခံတိုင်းရင်းသားများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခန္တီးမြို့ရှိဒေသခံပြည်သူများ ဓာတ်အား ခသက်သာစွာဖြင့် ၂၄ နာရီတစ်နှစ်ပတ်လုံး ရရှိသုံးစွဲနိုင်ရန်ရည်ရွည်ပြီးဆိုလာ ဓာတ်အားပေးစက်ရုံအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ တော်အနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ပြည့်မီရန်၊ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုး တိုးတက်မှုကို အားပေးမြှင့်တင်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ တိုးတက်လာစေရန်နှင့် အသေးစား၊အငယ်စားနှင့်အလတ်းစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများချမှတ်ထားရှိရာ ၄င်းမူဝါဒအား မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်သည့်အနေဖြင့် ယခုစီမံကိန်းအား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် အလှမ်းဝေးသည့် မြို့၊ကျေးရွာများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ခန္တီးမြို့၊ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် လောကသစ္စာကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက စီမံကိန်းလုပ် ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ခန္တီးမြို့နေဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် Video Clip အား ကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးဇာနည်တင်မိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ လောကသစ္စာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က ၁ မဂ္ဂါဝပ် ဆိုလာ ဓာတ်အားပေးစက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုခ်ဦးရှေ့ တွင်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရေ များပတ်ဖျန်းပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန္တီးမြို့၊ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ၊ ဒီဇယ်ဓာတ်အားပေးစက်များနှင့် ဆိုလာချပ်များတပ်ဆင်ထား ရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန္တီးမြို့၊ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်း ပွားအဖွဲ့များနှင့် ခန္တီးမြို့ပေါ်ရှိ တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ကပြဖျော်ဖြေနေမှု များအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ခန္တီးမြို့၊ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံအား ဆိုလာပြား(၁၅၄၂) ချပ်၊ အင်ဗာတာ(၁၂၅)ကီလိုဝပ်၊ ၈ လုံးနှင့် ဘက်ထရီ(၂၈၈)လုံးတပ်ဆင်ကာခန္တီးမြို့နေပြည် သူများအား ၂၄ နာရီ လျှပ်စစ်မီးပေးလျက်ရှိသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာ ခြံရှင်ဦးခင်ဦး စိုက်ပျိုးထားရှိသည့် နောင်နန်းမျိုး ရော်ဘာစံပြစိုက်ခင်း ဧက ၁၀၀ နှင့် ကုန်းမြင့်ကော်ဖီ ၄ ဧက စိုက်ပျိုးရေးခြံသို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူးနှင့်ခြံတာဝန်ခံတို့မှ ရော်ဘာပင်နှင့်ကော်ဖီပင်များ စိုက်ပျိုးထားရှိမှုများ အား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင် သူ များနှင့်အတူ အဆိုပါခြံအတွင်းရှိ ကော်ဖီပင်များအားရွက်ဖျန်းဆေးများပတ်ဖျန်းနေမှုများ ကိုကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများအား ရေဆင်း စပ်မျိုးနေကြာမျိုးများ၊ စမုံနက်နှမ်းမျိုးစေ့များ၊ ဆေးဖျန်းပုံးများနှင့် ကုန်းမြင့်ကော်ဖီပျိုးပင် များအား ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ အောင်သာယာကျေးရွာ တောင်သူ ၁၃ ဦးစိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံနှင့် ဟင်းသီး ဟင်းရွက်စိုက်ခင်း ၈၁ ဧကအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရေရရှိစေရန်အတွက် ချင်းတွင်း မြစ်မှ ဆိုလာမြစ်ရေတင်စနစ်ဖြင့် ဆောင်ရွက်မည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ သာစည် ကျေးရွာ တောင်သူ ၁၉ ဦးစိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံစိုက်ခင်း ၅၀ ဧကအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရေရရှိစေရန်အတွက် ချင်းတွင်းမြစ်မှ ဆိုလာမြစ်ရေတင်စနစ်ဖြင့် ဆောင်ရွက်မည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်