လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဆွေးနွေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်မှ စတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြသည်။

ကျောင်းကုန်းမြို့၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူငယ်အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မွန်ပြည်နယ်၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီမှ ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကို ပညာရေးဌာနနှင့်ပူပေါင်းပြီး ယနေ့နံနက် (၁၀)နာရီခွဲက မွန်ပြည်နယ်ချောင်းဆုံမြို့နယ် (အ.ထ.က) ကျောင်းတွင် (ပြန်/ဆက်)ဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ဟောပြောခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း အမှုဆောင်သစ်များရွေးချယ်

ပြည်ထောင်စုနယ် မြေစာကြည့်တိုက်များဖောင်ဒေးရှင်း အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း  စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးနေမှုအား လှည့်လည် ကြည်ညို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ သာသနာ့ဗိမာန်တော်၌ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်း၊ သံဃာ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုအား လှည့်လည် ကြည်ညို အားပေးသည်။

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၈:၀၀)နာရီက ရန်ကုန်-မန္တလေးလမ်းဟောင်း သူဌေးကုန်းကျေးရွာ လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to