ချောင်းဆုံ ဇူလိုင် ၂၈
မွန်ပြည်နယ်၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီမှ ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကို ပညာရေးဌာနနှင့်ပူပေါင်းပြီး ယနေ့နံနက် (၁၀)နာရီခွဲက မွန်ပြည်နယ်ချောင်းဆုံမြို့နယ် (အ.ထ.က) ကျောင်းတွင် (ပြန်/ဆက်)ဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ဟောပြောခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာက အဖွင့်အမှာစကားနှင့်လူငယ်ဘဝဖွံ့ဖြိုး တိုးတက်ဖို့ စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန (မြို့နယ်တာဝန်ခံ) တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းက သဘာဝပတ်ဝန်းကျင်အရေးပါပုံအကြောင်းအရာများအား လည်းကောင်း၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးအောင်မျိုးသိန်းက ပင်လယ်ကမ်းရိုးတန်း သယံဇာတသိမှတ်ဆိုင်ရာ မှတ်စရာအကြောင်းများအား ဟောပြောခဲ့ပြီး ကျောင်းသား/သူ များအား အမေး/ဖြေများ မေးမြန်းခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/သူ (၂၆၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)