တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်အဆင့် ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင် ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ တွေ့ဆုံပွဲကျင်းပ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အဆင့် ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လူထုပါဝင်မှုဖြင့် လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ အမှိုက်နှင့် ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို  ကျေးရွာများအလိုက်  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ဇီးဖြူချောင်းကျေးရွာတွင် ပြည်သူလူထုပါဝင်မှုဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းများကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယမန်‌နေ့က နောင်ခလုံးကျေးရွာကျေးရွာ၌  လှည့်လည်ကြေညာခဲ့ကြသည်။

ဖား​ဆောင်း-ဝမ်​အောင်း လမ်း​ပေါ်ရှိ ပွန်​ချောင်းတံတား(ဖား​ဆောင်း) ၈၃ ရာခိုင်နှုန်းခန့် တည်ဆောက်​ပြီးစီးမှု ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဝမ်​အောင်း-ချိကွဲ့-​စောင်း​လော့လမ်း​ပေါ်ရှိ ပွန်​ချောင်းတံတား(ဖား​ဆောင်း)တည်​ဆောက်​​နေမှုအား ယ​နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။

မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး Mask Campaign ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းကလမ်းမကြီးများနှင့် လမ်းဆုံများတွင် အသိ ပညာပေး Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြသည်။

လင်းခေးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၌ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့မှ ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က နွယ်ဝတီခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to