မင်းလှ မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို အမှတ် (၆) ရပ်ကွက်၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး၌ မတ်လ၂၉ ရက် နေ့လယ် ၁၂ နာရီက စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။
စာမေးပွဲတွင် မြို့နယ်အတွင်းရှိပရိယတ္တိစာသင်တိုက်ကျောင်းများမှ ယနေ့ (ပထမနေ့) ၌ ပထမကြီးရဟန်း (၁)ပါး၊ပထမလတ်တန်းရဟန်း (၂) ပါး၊ ပထမငယ်တန်းသာမဏေ (၁၄) ပါး၊ အခြေပြုမူလတန်းသာမဏေ (၂၀)ပါး စုစုပေါင်း (၃၇)ပါးဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။
အဆိုပါစာမေးပွဲကို မြို့နယ်သံဃာနာယကဥက္ကဋ္ဌ အောင်ဇေယျုံကျောင်းတိုက် ဆရာတော်အရှင်ဉူးပဏ္ဍိတနှင့်အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်သာသနာရေးမှုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာမေးပွဲကို မတ်လ ၂၉ ရက်နေ့မှ ဧပြီ ၄ ရက်နေ့ထိ နေ့လယ် (၁၂) နာရီမှ (၃) နာရီထိ ဖြေဆိုကျင်းပမည်ဖြစ်ရာ စာဖြေရက်များအတွင်း မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်များစုပေါင်း၍ ရဟန်းသံဃာတော်များအား နေ့စဉ် နေ့ဆွမ်းနှင့် အချိုပွဲများ အလှည့်ကျ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)