ဖြူး မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ (၁၀)ကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်းကို မတ်(၂၈)ရက် နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆောင်ရွက်သည်။
ချေးငွေထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်ကတက်ရောက်လာကြသော မြစိမ်းရောင်းအသင်းသားများနှင့် ကျေးရွာနေပြည်သူများအား မြစိမ်းရောင်စီမံကိန်းလုပ်ငန်း စည်းမျဥ်းစည်းကမ်းများအရ အရင်းအတိုးငွေများကို သတ်မှတ်ရက်အတွင်းပေးသွင်းနိုင်ရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးကဏ္ဍတွင် အသင်းသား(၆၉)ဦးအတွက် ချေးငွေ ကျပ် ၂၂၀၈၀၀၀၀ ၊ မွေးမြူရေးကဏ္ဍတွင် အသင်းသား(၈၀)အတွက် ချေးငွေကျပ် ၁၇၆၀၀၀၀၀ ကို ချေးငွေကာလ(၁၂)လ၊ အတိုးကာလ(၆)လ၊ အတိုးနှုန်း (၁ ဒသမ ၅)ကျပ်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)