ပူတာအိုမြို့၌ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်း(၂/၂၀၂၂)ဖွင့်လှစ်

ပူတာအို သြဂုတ် ၂

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကချင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီနှင့် Beulah Land လူမှုကူညီရေးအသင်းတို့ ပူးပေါင်းမှုဖြင့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း (၂/၂၀၂၂)သင် တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် (၂) ရဝမ်နှစ်ခြင်းအသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ၏ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်စောလင်းက မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီသည် လုပ်ငန်းကော်မတီရှစ်ရပ် ဖွဲ့စည်းပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့်စီမံချက်ကို သက်ဆိုင်ရာကော်မတီများအလိုက် အကောင် အထည်ဖော် ဆောင်ရွက်နေပါ ကြောင်း၊ ကျွန်တော်တို့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး ကော်မတီအနေဖြင့်လည်း လုပ်ငန်းများကို အင်တိုက်အားတိုက်အကောင်အထည် ဖော်ဆောင်ရွက်နေသည့်အတွက် သင်တန်းသားများအနေဖြင့် ကြိုးစား သင်ယူသွားကြရန် တိုက်တွန်းပြောကြားပြီး အခမ်းအနား တက်တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အသင်းတော်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများက စုပေါင်းမှတ်တမ်းတင်ရိုက်ကူးကြသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ဆရာဦးထွန်းထွန်းနိုင်က အခြေခံလျှပ်စစ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပုံ၊ လျှပ်စီးပတ်လမ်း၊ လျှပ်စစ်ဝါယာနှင့် ကေဘယ်(လ်)ကြိုးများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်တွင်း လျှပ်စစ်တွက်ချက် သွယ်တန်းပုံအဆင့်ဆင့်၊ လျှပ်စစ်သွယ်တန်းခြင်း လက်တွေ့ဆောင်ရွက်ပုံ အဆင့်ဆင့်၊ လျှပ်စစ်တိုင်းတာရေး မီတာများ၊ နေရောင်ခြည်သုံးစွမ်းအင်၊ အိမ်တွင်းလျှပ်စစ်ပစ္စည်းများ တည်ဆောက်ပုံ၊ မြေဓာတ်ချခြင်းနှင့် မိုးကြိုး လွှဲတပ်ဆင်ခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့ကို ပူတာအိုနှင့် မချမ်းဘော့မြို့နယ်ရှိ ကျေးရွာရှစ်ရွာမှ သင်တန်းသား(၃၅) ဦးတို့အား သင်တန်းကာလ တစ်လကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)