တောင်တွင်းကြီးမြို့နယ်တွင် စတုတ္ထနေ့အဖြစ် မီးဖိုချောင်သုံး စားသုံးဆီ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက် ရောင်းချ

တောင်တွင်းကြီး ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်း၊ စိန်ရတနာဆီစက်၊ ဦးလှ‌သော်ဆီစက်၊ မိဘရိပ်ဆီစက်တို့ ပူးပေါင်းကာ လူတစ်ဦးလျှင် ဆီ(၁)ပိဿာ (၄၃၀၀)ကျပ်နှုန်းဖြင့် ယနေ့ နံနက်(၆)နာရီက အဆိုပါဆီဆိုင်များတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ခြင်းကို ဇူလိုင်လ (၃၀) ရက်နေ့မှ ယနေ့အထိ (၄)ရက်ကြာ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် ဆီပိဿာချိန်(၄၅၀၀) ပိဿာအား ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်ဌေးဌေးမှ ကြီးကြပ်ကာ စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)