လက်ပံတန်းမြို့တွင် စူဠဘွဲ့နှင်းသဘင်နှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ

လက်ပံတန်း မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်နှင့်ပါဠိပထမပြန်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက ဘုရားကြီးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်၍ မြို့နယ်သံဃနာယကဥက္ကဌဆရာတော် ဘဒ္ဒန္တကေသရမှ သြဝါဒချီးမြှင့်တော်မူ၍ ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဣဒ္ဓိမန္တထံမှ ငါးပါးသီလချီးမြှင့်ခံယူခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က သာသနာရေးဆိုင်ရာကိစ္စများကို လျှောက်ထားခဲ့သည်။

ဆက်လက်၍ လက်ပံတန်းမြိုနယ် သံဃနာယက ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာချ၊ စာအောင်ဆရာတော်များအား ဝတ္ထုအလှူတော်ငွေများ ဆက်ကပ်ပူဇော်ခဲ့ရာ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမငယ်တန်း (၂) ပါး၊ ပထမလတ်တန်း (၁) ပါး၊ ဓမ္မာစရိယကျမ်းအောင် (၅) ပါး၊ စုစုပေါင်း (၈) ပါးအား ဂုဏ်ပြုဆုတော်ငွေလှူဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုရုတ်သိမ်းခဲ့သည်။ နေ့လည်ပိုင်းတွင် ပါဠိပထမပြန်စာမေးပွဲကို ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)