ကျောက်တန်းမြို့နယ်တွင် ပါဠိပထမပြန်စာ‌မေးပွဲ ဖြေဆို

ကျောက်တန်း မတ် ၂၉

၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် စာဖြေဌာနဖြစ်သည့် ရွှေမှော်၀န်းသာနာ့ဗမ္မာနတော်ကြီး၌ ယနေ့နေ့လယ် ၁၂ နာရီက  သံဃာတော်များနှင့် သီလရှင်များ ဖြေဆိုနေကြကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကျင်းပရာတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာ‌တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၊ ကြီးကြပ်ဆရာ‌တော်များက စာဖြေ‌နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဌာက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဝေယျာဝစ္စလုပ်ငန်းများကို ကုသိုလ်ပြုဆောင်ရွက်ပေးကြကြောင်း သိရသည်။

ထိုသို့ပါဠိပထမပြန်စာ‌မေးပွဲဖြေဆိုရာတွင် စာရင်းရှိပထမကြီးတန်းသံဃာ (၁၃) ပါး၊ သီလရှင် (၅) ပါး၊ ပထမလတ်တန်း သံဃာ (၁၃) ပါး၊ သာမဏေ (၃) ပါး၊ သီလရှင် (၁၆) ပါး၊ ပထမငယ်တန်းသံဃာ (၄) ပါး၊ သာမဏေ (၂၇) ပါး၊ သီလရှင် (၄၆) ပါး၊ အခြေပြုမူလတန်း သံဃာ (၄) ပါး၊ သာမဏေ (၆၅) ပါး၊ သီလရှင် (၇၃) ပါး၊ စုစုပေါင်း (၂၆၉) ပါး ရှိပြီး ပထမကြီးတန်းဖြေဆို သံဃာ (၁၂) ပါး၊ သီလရှင် (၅) ပါး၊ ပျက်ကွက်သံဃာ (၁) ပါး၊ ပထမလတ်တန်းသံဃာ (၁၃) ပါး၊ သာမဏေ (၃) ပါး၊ သီလရှင် (၁၅) ပါး၊ ပျက်ကွက်သီလရှင် (၁)ပါး၊ ပထမငယ်တန်းသံဃာ (၃) ပါး၊ သာမဏေ (၂၅) ပါး၊ သီလရှင် (၄၆) ပါး၊ ပျက်ကွက်သံဃာ (၁) ပါး၊ သီလရှင် (၂) ပါး၊ အခြေပြုမူလတန်း သံဃာ (၄) ပါး၊ သာမဏေ (၅၆) ပါး၊ သီလရှင် (၄၇) ပါး၊ ပျက်ကွက် သာမဏေ (၉) ပါး၊ သီလရှင် (၂၇) ပါးရှိခဲ့ပြီး သံဃာ (၃၂) ပါး၊ သာမဏေ (၈၄) ပါး၊ သီလရှင် (၁၁၃)ပါး ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)