မိုင်းယု မတ် ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယုမြို့တွင် (၁၆)နှစ်မြောက် အမှတ်(၁၀၀၈)နယ်ခြားစောင့်တပ်ရင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်ရင်း၏ အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ နှစ်ပတ်လည်နေ့အားကစားပြိုင်ပွဲတွင် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ၊ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသမီးဘောလီဘောပြိုင်ပွဲတို့ပါဝင်ပြီး မတ် ၂၉ ရက် နံနက်ပိုင်းက အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပသည်။
အခမ်းအနားသို့ အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်ရင်းမှ တပ်မှူး ဗိုလ်မှူး လုတ်ချာနှင့် စစ်သည်များ၊ တပ်မိသားစုဝင်များ၊ မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံလူငယ်များ တက်ရောက်အားပေးကြပြီး ပြိုင်ဝင်ဆုရအသင်းများအား အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်ရင်းမှ တပ်မှူး ဗိုလ်မှူးနှင့်တကွ တာဝန်ရှိများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်