မအူပင်မြို့နယ်တွင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် မှတ်ပုံတင်စစ်ဆေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် တိုက်နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲကို ဩဂုတ်လ (၇)ရက်နေ့တွင် ဖွင့်ပွဲ၊ ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မဘိမ်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းကို ယ‌နေ့နံနက်  ၁၀ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းတိုက်ကျွေးပေးခဲ့ကြကြောင်း သိရှိရသည်။  

မလှိုင်မြို့နယ်၊ ဝါးခွကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် မြေသန့်နှင့် ပန္နက်တင်မင်္ဂလာကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဝါးခွကျေးရွာအုပ်စု၊ ဝါးခွကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် မြေသန့်နှင့်ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က အဆိုပါနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူတို့မှ မြို့ဝင်စစ်ဆေးရေးဂိတ် အဆင့်မြှင့်တင်ရန်နှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အတွင်းရေးမှူး ရဲမှူး မြင့်ရွှေနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူတို့သည် ယနေ့ နံနက် (၁၀)နာရီ အချိန်က ငပုတောမြို့အဝင် စစ်ဆေးရေးဂိတ်အား အဆင့်မြှင့်တင်ရန်နှင့် လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများကို သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့ကြသည်။

ငပုတောမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေရေး လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိခရိုင်၊ ငပု​တောမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပ​စေရေးနှင့် စိမ်းလန်း စို​ပြေ​ရေးလုပ်ငန်းများ ​ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည​နေပိုင်းက ငပု​တောမြို့အဝင် မဂ္ဂင်လမ်းမကြီးတစ်လျှောက်ရှိ လမ်းဘေးဝဲယာတို့ တွင် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ မြက်ဖြတ်ခြင်းနှင့် ​ပေါင်းပင်များ ရှင်းလင်းခြင်းကို စည်ပင်သာယာ​ရေးအဖွဲ့ ဝန်ထမ်းများက ​​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

ဖား​ဆောင်းမြို့ ​မြောက်ပိုင်းရပ်ကွက် (အထက)​​ကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၈)နှစ်ထိ ​ကျောင်းသား၊​ ကျောင်းသူများအား ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေးများ ဆက်လက်ထိုးနှံ​

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​တွင်​ကျောင်းသား/သူများ ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉​ ရောဂါ ကွင်းဆက်ပြတ်​တောက်နိုင်ရန်နှင့်​ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယ​​နေ့ နံနက်(၉)နာရီက အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေးများကို​​​ မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာ​အထက်တန်းကျောင်းတွင် ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စီစဉ်ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စီစဉ်ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကား ပြောသင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက ချောင်းသာမြို့ Azura Hotel ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပ

၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံး ပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင် အားကစားကွင်း၌ ကျင်းပသည်။
Subscribe to