အိမ်မဲမြို့နယ်အတွင်းရှိ လူဦးရေစာရင်းအား IVLS စနစ်ဖြင့် တိုက်ဆိုင်စိစစ်မှုများကို လာရောက်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရွှေပြည်တန်ခန်းမတွင် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းအား IVLS စနစ်ဖြင့်တိုက်ဆိုင်စိစစ်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိရာ မြောင်းမြခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတ ထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ၊ ငါးမျိုးပြုန်းတီးမှု မဖြစ်စေရန် သဘာဝ ရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ် တည်ရှိစေရန်၊ ငါးထုတ်လုပ်မှု

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေးချီးမြှင့်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (မူလွန်) (၂၀) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနတွင် အသံထွက်စနစ်တကျစာဖတ်နည်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့် လူအများရှေ့တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ပခုက္ကူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဗန်းမောက်မြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့ မိသားစုများမှ လှူဒါန်းသည့် ဝါတွင်းကာလ ‘မဟာသံဃိကဒါန’ အာရုဏ်ဆွမ်းလောင်းလှူ ပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့ အကျိုးတော်ဆောင်အဖွဲ့ကြီးမှ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျှက်ရှိသော ဝါတွင်းကာလ အာရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်/မြို့ စည်ပင်သာယာရေးအဖွဲ့မိသားစုမှ လှူဒါန်းသည့်ဝါတွင်းကာလ ‘မဟာသံဃိကဒါန’ အာရုဏ် ဆွမ်းလောင်းလှူပွဲကြီးကို ယနေ့နံနက် ၀၄:၂၀ အချိန်က (ဒေါ်လှယဉ်) ဝိသာခါဓမ္မာရုံ၌ ပြုလုပ်လာခဲ့သည်။

ရှင်ဗွေယန်မြို့၌ မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံပေးလျက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ က​လေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ကျေးလက် ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
Subscribe to