ငပုတော သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိခရိုင်၊ ငပုတောမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ငပုတောမြို့အဝင် မဂ္ဂင်လမ်းမကြီးတစ်လျှောက်ရှိ လမ်းဘေးဝဲယာတို့တွင် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ မြက်ဖြတ်ခြင်းနှင့် ပေါင်းပင်များ ရှင်းလင်းခြင်းကို စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပန်းအလှပင်များစနစ်တကျ စိုက်ပျိုးထားရှိခြင်း၊ မြက်ရိတ်စက်ဖြင့် မြက်ပင်များဖြတ်ခြင်း၊ ပေါင်းပင်များရှင်းလင်းခြင်းနှင့် အမှိုက်များကင်းရှင်းစေရေးအတွက် နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အောင်သူ(ငပုတော)